Finland ပညာရေး
Finland ပညာရေးလို့ ပြောရင် အားလုံး စိတ်ဝင်စားကြတယ်။ အားလုံး ချီးကျူးကြတယ်။ ဘာ့ကြောင့်လဲ?
................................................................................................................................................................................................
"Finland မှာ ကျောင်းသားဦးရေရဲ့ ၉၃ ရာခိုင်နှုန်းက အထက်တန်း အောင်မြင်ကြတယ်။"
ဒီ ရာခိုင်နှုန်းက ပညာရေး ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ U.S. နဲ့ Canada နိုင်ငံတွေထက် သာပါတယ်။
"U.S. မှာ ၇၅ ရာခိုင်နှုန်း အထက်တန်းအောင်မြင်ကြပြီး Canada မှာတော့ ၇၈ ရာခိုင်နှုန်း အောင်မြင်ကြတယ်။"
Finland ပညာရေး အောင်မြင်ရခြင်းရဲ့ အဓိကအချက် (၂)ချက်ကို ပြောပါဆိုရင်တော့ သင်ကြားရေး ကောင်းမွန်ခြင်းနဲ့ အစိုးရ ထောက်ပံ့မှု ကောင်းခြင်းကြောင့် ဖြစ်တယ်။
(၁) Finland မှာ စာမေးပွဲ စစ်ဆေးမှု (Test) တွေ နည်းတယ်။ ရွေးချယ်စရာ Option တွေ ရှိတယ်။
* Finland မှာ ကလေးအသက် (၇)နှစ် ပြည့်မှ Formal education စ,တယ်၊ ကျောင်း စ,ထားရပါတယ်။ တစ်တန်း စ,တက်ရတယ်ပေါ့။
* (၇) နှစ်မှ တစ်တန်း စ,တက်ရခြင်းက နိုင်ငံ အများစုထက် တစ်နှစ် နောက်ကျပါတယ်။ နိုင်ငံတော်တော်များများမှာ (၆) နှစ်မှာ တစ်တန်းစ,တက်ရပါပြီ။ (၅) နှစ်နဲ့ တစ်တန်း စ,တက်လို့ရတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
* Finland ကတော့ (၇) နှစ်မှ တစ်တန်း တက်ရတာကို နောက်ကျတယ်လို့ မမြင်ပါဘူး။ "ကလေးတွေရဲ့ ဦးနှောက်ကို ဖွုံ့ဖြိုးဖို့ တစ်နှစ်ပိုပြီး အချိန်ပေးလိုက်ခြင်းပါ" လို့ ဆိုပါတယ်။
* ကျောင်းစတက်ပြီး ကိုးနှစ်အကြာ၊ (၉) တန်းအရောက်၊ ကျောင်းသားအသက် (၁၆) နှစ်အရွယ်မှာ သူတို့ဘဝရဲ့ ပထမဆုံး Standardised test လို့ခေါ်တဲ့ စာမေးပွဲကြီးကို ဖြေဆိုကြရတယ်။
* Finland မှာ (၉)တန်း ပြီးရင် ရွေးချယ်စရာ လမ်းကြောင်း (၂)ခု ရှိတယ်။
* ပထမတစ်ခုက တက္ကသိုလ်ပညာရေး။
* ဒုတိယတစ်ခုက Vocational education (သက်မွေးပညာရေး)။
* တက္ကသိုလ်ပညာရေးကို ဆက်သွားချင်တဲ့သူက (၉) တန်းပြီးရင် Higher secondary ဆိုတဲ့ (၁၀ တန်း, ၁၁ တန်း, ၁၂ တန်း) သုံးနှစ် ဆက်တက်ရပါတယ်။ အဲ့ သုံးနှစ်ပြီးရင်တော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရပါတယ်။ ပြီးရင် တက္ကသိုလ်တက်။
* ဒါမှမဟုတ် သက်မွေးဘက်ကို သွားမယ်ဆိုရင်တော့ (၉)တန်းပြီးတာနဲ့ သက်မွေးသင်တန်းကျောင်းတွေကို တိုက်ရိုက် တက်လို့ရတယ်။ သက်မွေးကျောင်းရဲ့ သင်တန်းကာလကတော့ သုံးနှစ်ဖြစ်တယ်။
(၂) တစ်နေ့ စာသင်ချိန် အရမ်းမရှည်ဘူး။
* Finland ရဲ့ စာသင်ချိန်တွေက အများအားဖြင့် မနက် (၉)နာရီကနေ စတယ်။ နေ့လည် (၃)နာရီထက် နောက်မကျပဲ ဆင်းတယ်။ တစ်ချို့အတန်းတွေ (၂) နာရီမှာ ဆင်းတယ်။
(၉တန်း နောက်ပိုင်းဆိုရင် အတန်းကြီးဖြစ်တဲ့အတွက် နေ့လည် သုံးနာရီနောက်ပိုင်းမှ ဆင်းတာမျိုးလဲ ရှိတယ်။)
* စာသင်ချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား ကျောင်းသားတွေကို အားလပ်ချိန် (break-time) အလုံအလောက်ပေးတယ်။ break-time တွေမှ ကျောင်းသားတွေကို ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့လည်း အားပေးတယ်။
* ဆရာတွေက စာသင်ချိန်ထက် သင်ခန်းစာ ပြင်ဆင်ချိန်
lesson preparation time ပိုများတယ်။
* ကလေးငယ်တွေကို အိမ်စာ လုံးဝ (လုံးဝ) မပေးဘူး။ ဆယ်ကျော်သက် အရွယ်ကနေ စပြီး အိမ်စာပေးတယ်။ ပေးရင်လည်း မိနစ် သုံးဆယ် ပမာဏထက်ပိုပြီး အိမ်စာပေးလေ့ မရှိဘူး။
(၃) စာသင်ကြားမှု အဆင့်မီတယ်။
"Finland မှာ စာသင်ကြားတဲ့ ဆရာ/ဆရာမ ဦးရေက ဘွဲ့ရအားလုံးရဲ့ ဆယ်ရာခိုင်နှုန်းရှိတယ်။"
* ဆရာတွေအားလုံး (မူကြိုကနေ တက္ကသိုလ်ထိ ဘယ်အတန်းကိုပဲ သင်သင်)..... Qualification အနေနဲ့ Master degree ရှိဖို့ လိုအပ်ပါတယ်။ Vocational ပိုင်းတွေမှာတော့ တချို့ကျောင်းတွေမှာ Bachelor ဘွဲ့ရတဲ့ ဆရာ ဆရာမတွေလည်း သင်ကြတယ်။
* OECD^ ရဲ့ 2014 report - EDUCATION AT A GLANCE အရ "၂၀၁၂ ခုနှစ်မှာ Finland ရဲ့ မူလတန်း ကျောင်းသား ဆရာ အချိုးက ၁: ၁၄ ရှိတယ်" လို့ ဆိုပါတယ်။ ကျောင်းသား (၁၄) ယောက်ကို ဆရာ တစ်ယောက်နှုန်းပါ။
* Smithsonian Magazine ရဲ့ ဆောင်းပါးတစ်ပုဒ်အရ "ဆရာ ဆရာမတွေဟာ ကျောင်းသူ/သားတွေကို အထူးဂရုစိုက်ကြတယ်"လို့ဆိုပါတယ်။
တစ်တန်းကနေ ကိုးတန်းထိ၊ ကျောင်းသူ/သားတွေကို ဆရာ ဆရာမတွေကိုယ်တိုင် မေးခွန်းထုတ်ပြီး ကလေးတွေရဲ့ လိုအပ်ချက်အလိုက် individualised assessment တွေ လုပ်ကြပါတယ်တဲ့။
(၄) တူညီတဲ့ ထောက်ပံ့မှုရတယ်။
"Finland ရဲ့ ပညာရေးအသုံးစရိတ်က U.S. နဲ့ ယှဉ်ရင် သုံးပုံ တစ်ပုံပဲ ရှိပါတယ်။"
* ထူးခြားချက်က Finland ရဲ့ အခြေခံပညာရေးမှာ Private School (ကိုယ်ပိုင်ကျောင်းတွေ) အရမ်းအရမ်းကို နည်းပါတယ်။ မရှိသလောက်ပါပဲ။ ကျောင်းအားလုံးနည်းပါးက Public School (အစိုးရကျောင်း) တွေချည်းပါ။
* Finland မှာ မူကြိုကနေ တက္ကသိုလ်အထိ Education Institution အားလုံးကို ကျောင်းလခ (Tuition Fees) ကောက်ခံခြင်း မရှိဘူး။
* ကျောင်းတွေအားလုံးက အစိုးရဆီကနေ တူညီတဲ့ ထောက်ပံ့မှု (Equal Funding) ရကြတယ်။ ကျောင်းတွေရဲ့ Quality လည်း သိပ်ကွာတာရယ်လို့ မရှိဘူး။
*** ဒါ့ကြောင့် Finland မှာ ပညာရေးနဲ့ ပတ်သတ်လို့ စီးပွားရေးစျေးကွက် မရှိဘူး။
* မိဘတွေက ကလေးတွေကို ကိုယ်ကြိုက်တဲ့ ကျောင်းမှာ ထားနိုင်တယ်။ ကျောင်းတွေက Quality သိပ်မကွာတဲ့ အတွက်ကြောင့် မိဘတွေအနေနဲ့ Confuse ဖြစ်စရာ အကြောင်းမရှိဘူး။
* WeAreTeachers.com ရဲ့ ဆောင်းပါးတစ်ပုဒ်အရ "Top student အတော်ဆုံးကျောင်းသားနဲ့ Bottom student လိုအပ်ချက်အများဆုံး ကျောင်းသားရဲ့ ကွာဟမှု gap က ကမ္ဘာမှာ Finland နိုင်ငံက အနည်းဆုံး" လို့ ဆိုပါတယ်။
"ကျောင်းတစ်ကျောင်းမှာ စာသိပ်မလိုက်နိုင်တဲ့ Struggling students များနေရင် တခြားကျောင်းတစ်ကျောင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူတို့ အဖြေရှာကြပါတယ်။" လို့ဆိုပါတယ်။
- စိုးမြင့်ထွန်း စုစည်းတင်ပြသည်
(edtechtimes.com မှ Jennifer Ortakales ၏ "Four strategies to Learn From the Finland Education System" ဆောင်းပါးကို အခြေခံ၍ ရေးသားသည်)
OECD^= Organisation for Economic Co-operation and Development
Image source: Smithsonian Magazine
Comments
Post a Comment